Pyae Sone Phyo — ThecrashO
Available for new projects

မိတ်ဆွေရဲ့ လုပ်ငန်းအတွက်တကယ်အလုပ်ဖြစ်မယ့်Website၊ App နဲ့ AI System

Customer တွေ ယုံကြည်ပြီး Order မှာလာစေမယ့် Website၊ အချိန်ကုန် သက်သာစေမယ့် AI Automation နဲ့ လုပ်ငန်းကို စနစ်တကျ စီမံပေးမယ့် Notion System။ Technology မသိလည်း ရပါတယ် — အစကနေ အတူတူ လုပ်ပေးပါမယ်။

ပထမဆုံး ဆွေးနွေးမှု အခမဲ့ အချိန်မရွေး ချက်ချင်း ပြန်ဖြေပါတယ်

Pyae Sone Phyo · ThecrashOSME · Freelancer · Content Creator တွေအတွက်

Projects09ပြီးစီးခဲ့တဲ့ Project များ › Services05ဝန်ဆောင်မှုများ ကြည့်ရန် ›
StatusOPENProject အသစ်တွေ လက်ခံနေပါတယ်
01 / Idea → App

Zwel Mhan Htet နဲ့ အတူ စတင်တည်ထောင်ပြီး ဆက်လက် တည်ဆောက်နေတဲ့ App။ Task၊ Voice Note၊ ရေသောက်တာ၊ လေ့ကျင့်ခန်းနဲ့ ငွေစာရင်းတွေကို တစ်နေရာတည်းမှာ စုပြီး မြန်မာလို AI နဲ့ မေးမြန်းနိုင်ပါတယ်။

Dailyzwel app — tasks, notes, habits and expenses in one place
02 / Services

ဘာတွေ လုပ်ပေးနိုင်လဲ

အားလုံး ကြည့်ရန်

ဝန်ဆောင်မှု အချက်အလက်များ ရယူနေပါတယ်…

About

ကျွန်တော့်အကြောင်း

Idea တွေကို လက်တွေ့ အသုံးဝင်တဲ့ Website နဲ့ App တွေ ဖြစ်အောင် တည်ဆောက်ပေးသူ။

A builder's note

နည်းပညာကို ရိုးရှင်းအောင်၊ လုပ်ငန်းကို အလုပ်ဖြစ်အောင်။

မင်္ဂလာပါ၊ ကျွန်တော် Pyae Sone Phyo ပါ။ ThecrashO ဆိုတာ ကျွန်တော့် Brand နာမည်ပါ။ SME လုပ်ငန်းတွေ၊ Freelancer တွေနဲ့ Content Creator တွေအတွက် Website၊ App နဲ့ AI Automation တွေကို တည်ဆောက်ပေးနေပါတယ်။

Technology အကြောင်း မသိလည်း ရပါတယ်။ မိတ်ဆွေရဲ့ လုပ်ငန်းမှာ ဘာလိုအပ်နေလဲဆိုတာကို အရင် နားထောင်ပြီး လက်တွေ့ အလုပ်ဖြစ်မယ့် Solution ကို ရိုးရိုးရှင်းရှင်း တည်ဆောက်ပေးတာကို အဓိကထားပါတယ်။

Dailyzwel ကို Zwel Mhan Htet နဲ့ Co-founder အဖြစ် အတူ တည်ထောင်ထားသလို Telegram Bot နဲ့ Automation System တွေကိုလည်း ကိုယ်တိုင် တည်ဆောက်ပြီး အသုံးပြုနေပါတယ်။

ကျွန်တော်ဟာ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (University of Computer Studies, Yangon - UCSY) မှာ Knowledge Engineering ကို Major ယူထားတဲ့ ကွန်ပျူတာကျောင်းသားလည်း ဖြစ်ပါတယ်။ ဒုတိယနှစ် ပြီးဆုံးပြီး တတိယနှစ် တက်ဖို့ ပြင်ဆင်နေပါတယ်။

မိတ်ဆွေ ဘာရမလဲ

Website & App

Customer တွေ ယုံကြည်ပြီး ဆက်သွယ်လာမယ့် Website နဲ့ လုပ်ငန်းကို သက်သာစေမယ့် App ရမယ်။

AI & Chatbot

Customer မေးခွန်းတွေကို AI က ချက်ချင်း ပြန်ဖြေပေးလို့ Customer မလွတ်တော့ဘူး။

Automation

ထပ်ခါထပ်ခါ လုပ်ရတဲ့ အလုပ်တွေ အလိုလို ဖြစ်သွားလို့ မိတ်ဆွေ အချိန်ပိုရမယ်။

Who it's for

ဘယ်သူတွေအတွက်လဲ

SME လုပ်ငန်းရှင်များ

Facebook Page တစ်ခုတည်းနဲ့ မလုံလောက်တော့ဘူး၊ Customer တွေ ယုံကြည်ပြီး Order မှာလာမယ့် Website နဲ့ System လိုချင်သူများ။

Freelancer များ

ကိုယ့် Skill နဲ့ လက်ရာတွေကို Professional ဆန်ဆန် ပြပြီး Client အသစ်တွေ ရချင်သူများ။

Content Creator များ

Content၊ Product နဲ့ Brand ကို တစ်နေရာတည်းမှာ စုပြီး Follower တွေကို Customer ဖြစ်လာစေချင်သူများ။

How we work

အတူလုပ်ရင် ဘာရမလဲ

  1. 01

    ပြဿနာ ရှင်းသွားမယ်

    ပိုက်ဆံမကုန်ခင် မိတ်ဆွေရဲ့ လုပ်ငန်းအတွက် ဘာလုပ်သင့်လဲ ရှင်းရှင်းသိရမယ်။

  2. 02

    ဘာရမလဲ အရင်သိမယ်

    ဘာပါမလဲ၊ ဘာရမလဲ စကတည်းက သဘောတူထားလို့ နောက်မှ အံ့သြစရာ မရှိဘူး။

  3. 03

    ကြားထဲမှာ မြင်ရမယ်

    အဆင့်တိုင်းမှာ ကိုယ်တိုင်မြင်ပြီး ပြောနိုင်လို့ လိုချင်တဲ့အတိုင်း ဖြစ်လာမယ်။

  4. 04

    Launch ပြီးလည်း မပစ်ထားဘူး

    တကယ်သုံးရင်း လိုအပ်တာ ဆက်ပြင်ပေးလို့ ပိုကောင်းလာမယ်။

Services

ဝန်ဆောင်မှုများ

App တည်ဆောက်ခြင်း၊ Website ပြင်ဆင်ခြင်း၊ Website အသစ်၊ AI Automation နဲ့ Notion System များ။ ဘာနဲ့ စရမလဲ မသေချာရင် ဆက်သွယ်ပြီး မေးနိုင်ပါတယ်။

Built around your needs

လိုအပ်ချက်အလိုက် ဝန်ဆောင်မှုများ

ဝန်ဆောင်မှု အချက်အလက်များ ရယူနေပါတယ်…

Website Packages

Package အချက်အလက်များ ရယူနေပါတယ်…

Notion Systems

Package အချက်အလက်များ ရယူနေပါတယ်…

FAQ

မေးလေ့ရှိတဲ့ မေးခွန်းများ

Technology နဲ့ Coding လုံးဝ မသိရင်ရော ရလား

ရပါတယ်။ ဘာလိုချင်လဲ၊ ဘာပြဿနာ ရှိနေလဲဆိုတာကို ကိုယ့်စကားနဲ့ ပြောပြရုံပါပဲ။ နည်းပညာပိုင်းကို ရိုးရိုးရှင်းရှင်း ရှင်းပြပြီး လုပ်ပေးပါမယ်။

ဈေးနှုန်း ဘယ်လောက်လဲ

လုပ်ငန်းတစ်ခုချင်းစီရဲ့ လိုအပ်ချက် မတူလို့ အရင် ဆွေးနွေးပြီးမှ ဈေးနှုန်းကို ရှင်းရှင်းလင်းလင်း ပြောပေးပါတယ်။

AI Tool နဲ့ ကိုယ်တိုင်လုပ်ထားတဲ့ Website ကို ဆက်ပြင်ပေးလား

ပြင်ပေးပါတယ်။ Lovable၊ Bolt၊ Cursor စတဲ့ Tool တွေနဲ့ လုပ်ထားတဲ့ Website ကို ကြည့်ပြီး Error ပြင်တာ၊ Feature ထည့်တာ၊ Design ပြန်ပြင်တာတွေ လုပ်ပေးနိုင်ပါတယ်။

App Idea ပဲ ရှိသေးတယ်၊ ဘယ်ကစရမလဲ

Idea ကို အရင် ပြောပြပါ။ ဘယ် Feature တွေ အရင်လုပ်သင့်လဲ၊ ဘယ်လို စတင်ရင် အကောင်းဆုံးလဲဆိုတာကို အတူတူ စီစဉ်ပေးပါမယ်။

Free Resources